Showing posts with label android technology. Show all posts
Showing posts with label android technology. Show all posts

Friday, June 7, 2013

C8812 နဲ့ U8818 သမားများအတွက် all in one tool လေး

အခုနောက်ပိုင်း C8812 တွေကို root ရင် unlock code တောင်းပြီး root ရပါတယ်။ code တောင်းရတာ အလုပ်ရှုပ်တယ် ကြာတယ် ဆိုသူများအတွက် ဒီ tool လေးက အဆင်ပြေစေမှာပါ။ ပထမဦးဆုံး မိမိကွန်ပျူတာမှာ driver သွင်းထားဖို့လိုပါမယ် ဖုန်းနဲ့ ကွန်ပျူတာနဲ့ သိအောင်ပါ။ ပြီးရင် ဖုန်းမှာ usb debugging ဖွင့်ပြီး ကွန်ပျူတာနဲ့ဖုန်းနဲ့ကို usb ကြိုးနဲ့ချိတ်ပြီး စတင်လုပ်လို့ရပါပြီ။ ဘယ်mode မှဝင်စရာမလိုပါဘူး အကုန်လုံးကို normal mode မှာတင် လုပ်လို့ရပါတယ်။ဒါပေမဲ့ တစ်ခုသတိထားရမှာက C8812 ကို Unlock+root + CWM သုံးမျိုးလုံးလုပ်လို့ရပေမဲ့ U8818 ကိုတော့ CWM recovery သွားမသွင်းမိပါစေနဲ့။ ဖန်ဝဲပြန်တင်ရပါလိမ့်မယ် :D/

စလုပ်လိုက်ကြအောင်
ပထမဦးဆုံး 
Unlock bootloader ကိုနှိပ်ပါ ခဏစောင့်ပါ (သေချာအောင် ၂မိနစ်လောက်စောင့်ပါ)

ပြီးမှ root ချင်ရင် Root ကိုနှိပ် reboot မကျပါဘူး။ 
CWM သွင်းချင်ရင် Recovery ဆိုတာလေးနှိပ်။(U8818 ကို recovery သွားသွင်းမမိစေနဲ့နော် အပေါ်မှာလဲပြောခဲ့ပြီးပါပြီ :D)

အဆင်ပြေကြပါစေ...........

တစ်ခုခုအဆင်မပြေတာရှိခဲ့ရင် ကွန်မန့်မန့်ခဲ့ပါ။

(ဒီဆော့ဝဲကတော့ Myanmarmobile user group ရဲ့ ဆရာသမားတစ်ယောက်ဖြစ်တဲ့ ကိုဟန်လေးဆီက မလာပြီး အခု dropbox ကနေ ပြန်တင်ပေးလိုက်ပါတယ် )