Wednesday, June 5, 2013

Titanium Backup 6.0.1 ကို အသုံးပြုနည်း ( for root )


 အရမ်းသုံးကောင်းတဲ့ Titanium Backup လေးကို User အတော်များများက မေ့နေကြတယ်ဗျာ....
သူက ကိုတင်ထားတဲ့ apk တွေကို install လုပ်ပေးတယ်..... System ပိုင်းကိုလည်း Install လုပ်ပေးနိုင်ပါတယ်.............. ဖုန်းမှာ Factory Restet ချမှဖြစ်တော့မယ်ဆိုရင် ချလိုက်ပီဆိုတာနဲ့ ကျနော်တို့ ဖုန်းတွေမှာ Installe ထားတဲ့ Apk တွေ၊ မှတ်သားထားတဲ့ မှတ်စုတွေ ဖုန်းနံပတ်တွေ၊ ကစားရတာအရှိန်တက်နေတဲ့ ဂိမ်းတွေ..... ကုန်ပါလေရောဗျာ.... ဥပမာ..... Viber apk ကို ကျနော်တို့ တင်လိုက်မယ် Factory Rsetet ချလိုက်ပီဆိုတာနဲ့ ခက်ခက်ခဲခဲ Code တောင်းထားရတဲ့ Viber လေး ပါသွားပီလေ...... တစ်ခါပြန်တင် တစ်ခါကုဒ်ပြန်တောင်း အဆင်မပြေပါဘူးးးးးးးး အာ့မှာသာ Factory Restet ချခင်လေး Titanium နဲ့သာ Backup ဖမ်းထားလိုက်မယ်ဆိုရင် Restore လုပ်လိုက်ရုံပါပဲ.....
အသုံးပြုရတာလည်းလွယ်ပါတယ်... ကျနော်တစ်ဆင့်ခြင်းရှင်းပြပေးပါမယ်..... အရင်ဆုံး Titanium Backup 6.0.1 လေးကို ဒေါင်းလိုက်ပါ........ ဒီမှာယူပါ
Install လုပ်လိုက်ပီး ဖွင့်လိုက်ရင် အပေါ်မှာကျနော်ပြထားသလို Super User တောင်းလာပါလိမ့်မယ် Allow ကိုသာ နှိပ်ပေးလိုက်ပါ
 ပီးသွားရင် OK ပေါ့
 Dismiss ကိုနှိပ်လိုက်ရင် အထဲဝင်ရပါပီ
 အပေါ်ဆုံအလယ်က Backup/Restore မှာ ကျနော်တို့ အလုပ်လုပ်ပါ့မယ် ကိုယ်ဖမ်းချင်တဲ့ Apkကို တချက်နှိပ်ဝင်လိုက်ပါ ကျနော် Age of Darkness 1.0.2 ကို ဖမ်းပြပါ့မယ်.......... ကျနော်နှိပ်လိုက်ပါပီ
 Backup ဖမ်းမှာဆိုတော့ Backup ပေါ့
 Loading လေးဆွဲလို့ပီးရင် Age of Darkness လေးဘေးမှာ အပြုံးလေးကိုတွေ့ရပါပီ
သူရဲ့ ဖိုင်ကို တွေ့ချင်ရင်တော့ SD > Titanium Backup Foder ထဲမှာရှိပါတယ်...... အဲ့မှာကျနော်ထပ်ပြောချင်တာက ကျနော်တို့တွေ ဂိမ်းတွေကို ခိုးပီးဆော့ပါတယ်....... ကိုယ့်ဆီက ခိုးထားတာကို သူများကိုပြန်ပေးချင်တယ်ဆိုရင် ပေးရတာ တစ်ခါတစ်လေမှာ အဆင်မပြေပါဘူး
ကျနော်ကတော့ Titanium လေးကို သုံးပီးသူများကို ပြန်ပေးပါတယ် ဘယ်လိုပေးလဲဆိုတော့ ခိုးပီးဆော့ထားတဲ့ ဂိမ်းကို Backup ဖမ်းလိုက်တယ် ဖမ်းလို့ရလာတာကို Titanium Foder ထဲသွားပီး Zip file ချုပ်လိုက်တယ်....... ပီးတော့ လိုချင်သူကို ပေးလိုက်တယ်.... ယူမယ့်လူက Titanium Foder ထဲထည့်တယ် ဖုန်းကို Restet ချတယ် titanium apk ထဲဝင်ပီးတော့  restore လုပ်လိုက်တယ်....
ပီးကော ကိုယ်ဆော့နေတဲ့ နေရာကနေ စပီး သူဆက်ဆော့လို့ရသွားပီလေ........ အဓိက ပြောချင်တာက ဒီအကြောင်းပါပဲ သူများတွေခိုးဆော့ထားတာကို ကိုယ့်ဆီပြန်ယူတာပေါ့........ ဥပမာဗျာ.... D Day ကို ဆော့ချင်တယ်..... ကိုယ့်မှာလည်း ဂိမ်းက ရှိတယ်.... ခိုးလို့ကလည်းမရဘူး....... အွန်လိုင်းပေါ်က သငယ်ချင်းတွေမှာတော့ ခိုးပီးသားဆော့နေတဲ့လူရှိတယ်..... ခိုးပီးသားကို ဒေါင်းရအောင်ကလည်း 280MBကျော်နေတယ်...... အဲ့တော့ သူ့ဆီက Backup ဖမ်းပီး ထုပ်ခိုင်းလိုက်တယ် ကိုယ်က ဒေါင်းပီး Restore လုပ်တယ် ဘယ်လောက်အဆင်ပြေလဲ........ ဒါကတော့ ကျနော်သုံးနေတဲ့ Titanium အကြောင်းပါ.... နောက်ထပ်ဘာတွေကလိလို့ရသေးလဲဆိုတာ ကိုယ့်ဘာသာပဲ စမ်းလိုက်ပါနော်......
ကျေးဇူးတင်ပါတယ်
PYAE PHYO
ANDROID USER အပေါင်း စိတ်ချမ်းမြေ့ပါစေ

No comments:

Post a Comment