Monday, June 24, 2013

သင့်ဖုန်း Battery အသုံးခံစေဖို့ရာ

သင့်ဖုန်း Battery အသုံးခံစေဖို့ရာ

စမတ်ဖုန်းတွေဟာ အခုဆို ပေါပေါလောလော ရနိုင်နေပါပြီ။ မကြာမီ Service Provider ၂ခုကို ဇွန်လ ကုန်ပိုင်းမှာ ထပ်မံရွေးခြယ်ဦးမှာပါ။ အခု ကျနော်တို့ နိုင်ငံရဲ့ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် ဟာ တိုင်းပြည်လူဦးရေရဲ့ ၁၀ % အောက်မှာ ရှိနေပါတယ်။ အခု ကုမ္ပဏီကြီးတွေကတော့ လုပ်ကိုင်ခွင့်ရရင် မိုဘိုင်းကွန်ယက် တွေ ကျယ်ပြန့်လာအောင် လုပ်ပေးပြီး မြို့ပြ ကျေးလက်မကျန် လူတိုင်းကိုင်နိုင်အောင် လုပ်ပေးမှာပါတဲ့။ ဟုတ်ပါပြီ။ ဖုန်းတွေများလာပါပြီတဲ့။ ဟန်းဆက် အသုံးပြုမှုလည်း တစ်ခါတည်းတက်လာမှာပါ။

မိတ်ဆွေတို့ ဘာဟန်းဆက် သုံးသုံး ကြုံတွေ့ရမယ့် အချက်ကတော့ ဘက်ထရီ ကိစ္စပါ။ ကျွန်တော်လည်း မကြာခဏ ကြုံဖူးပါတယ်။ တကယ် အသုံးလိုရင် ဖုန်းဘက်ထရီ ကုန်နေတတ်တာမျိုးပေါ့။ အင်တာနက် ရေလည်သုံးတဲ့သူ၊ ဂိမ်းအရမ်းဆော့တဲ့သူတွေဆို ပိုခံစားမိမှာပါ။ ကဲဗျာ နိဒါန်းပျိုးနေတာ ကြာပါတယ်။ ဘက်ထရီ အကုန်သက်သာအောင် ဘာတွေ ဘယ်လို လုပ်ရမလဲ ကြည့်ရအောင်။


(၁) Location Service ပိတ်ထားပါ
Smart Phone တွေမှာ အဓိက ဘက်ထရီ ကုန်စေတဲ့ Feature တစ်ခုပါ။ Facebook message တို့ Status တို့မှာ… near Dagon, near Yangon အဲ့တာမျိုးတွေ မြင်ဖူးတယ်ဟုတ်။ အဲ့ဒါ Location Service ပွင့်နေတတ်လို့ပါ။ Location Service ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံ

မှာ အခုထိ feature သိပ်စုံစုံလင်လင် သုံးလို့ မရသေးပါဘူး။ Location Service ဆိုတာ ဖုန်းမှာပါတဲ့ GPS နဲ့ချိတ်ဆက် အလုပ်လုပ်တာ ဖြစ်လို့ ဘက်ထရီကို သိသိသာသာ မက လျှင်မြန်စွာ ကုန်စေတတ်ပါတယ်။ အမြဲတမ်းဖွင့်ထားတဲ့ သူတွေများဆို ဘာပြောကောင်းမလဲ… . လိုအပ်တဲ့ အချိန်မျိုး (Facebook မှာ Check-in ၀င်တာမျိုး၊ Google Map သုံးချင်တဲ့ အချိန်မျိုး ) မှာမှဖွင့်မယ်ဆိုရင် ဘက်ထရီအကုန်မြန်တာမျိုးကနေ သိသိသာသာ သက်သာသွားစေမှာပါ။



(၂) Notification
အဲ့ဒါကတော့ iPhone သမားတွေ ပိုထိတယ်ဗျ။ သူ့ Notification က Lock Screen မှာသွားသွားပေါ်တာကိုး။ Notification တက်ရင် Screen ကလင်းလာမယ်။ ပြီးတော့ ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်ထားတာတို
့၊ အိတ်ထဲထည့်ထားမိလို့ မမြင်တာဆိုရင်တော့ တောက်လျှောက်လင်းနေပြီပဲ။ ဆိုတော့ကာ တစ်ချို့ ဂိမ်းတွေနဲ့ application တွေရဲ့ Notification တွေကို Setting ထဲဝင်ပြီး ပိတ်ထားသင့်ပါတယ်။



(၃) Airplane Mode သုံးပါ
ဖုန်းဆိုတဲ့ သဘောကိုက network ကိုလိုက်ဖမ်းတတ်တဲ့ သဘာဝ ရှိပါတယ်။ လိုင်းမမိရင် လိုက်ရှာမယ်။ အဲ့ဒီလိုမျိုး လိုက်ရှာရင် ဘက်ထရီ ပိုးစိုးပက်စက် စားတယ်ဗျ။ ခရီးသွားတဲ့ အခါမျိုးမှာ လမ်းမှာ ဧရိယာ မမိတာမျိုး ကြုံရတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ ဖုန်းက အရမ်း အလုပ်လုပ်ရတတ်ပါတယ်။ ဒီတော့ ခရီးထွက်မယ်၊ ဖုန်းလိုင်းတော်တော်ဆိုးဆို
း ကို မမိတဲ့ နေရာမျိုးသွားမယ်ဆို Air plane mode ကို သုံးသင့်ပါတယ်။ Airplane mode ဆိုတာကတော့ ဖုန်းရဲ့ ဧရိယာ ရှာတဲ့ကိစ္စကို ပိတ်ပစ် လိုက်တာပေါ့။ ဖုန်းရဲ့ Network ကိုခဏပိတ်ထားလိုက်တဲ့ သဘောပါပဲ။ ဖုန်းလိုင်းမိတဲ့ နေရာရောက်မှာ Airplane mode လေးကို ဖြုတ်ပြီး ကိုယ်ဆက်ချင်တဲ့ နေရာဆီ ဆက်ပေါ့ဗျာ။ Airplane mode ဆိုတာလဲ ရှာရ မခက်ပါဘူး။ Setting ထဲဝင်တာနဲ့ တန်းတွေ့မှာပါ။



(၄) အသုံးမလိုတဲ့ Application တွေကိုပိတ်ပစ်ပါ
Smartphone အများစုမှာ Multitasking ဆိုတဲ့ Feature ပါလာတ်တယ်ဗျ။ ဘာလဲဆိုတော့ Application အများကြီးကို တစ်ခါတည်း Run နိုင်အောင်လုပ်ပေးထားတာပေါ့
။ ကိုယ်က Application တစ်ခုဖွင့်လိုက်တယ်။ ပြီးတော့ နောက်တစ်ခုကိုပြောင်းသုံးတယ်။ အဲ့ဒါမျိုးဆို ခုန Run ခဲ့တဲ့ Application ဟာ Background application အဖြစ်ကျန်ခဲ့ပါတယ်။ ပြန်ဝင်ရင်တော့ချက်ချင်းရတာပေါ့ဗျာ။ ဒါပေမယ့် အဲ့ဒါတွေဟာ ဘက်ထရီ အကုန်မြန်စေပါတယ်။ ပြီးတော့ နောက်တစ်ချက်က ဘက်ထရီ အကုန်မြန်ရုံတင်မဟုတ်ဘူး ဖုန်းရဲ့ စွမ်းဆောင်ရည်လည်း နှေးလာစေတာပေါ့။ အလုပ်များများခိုင်းရင် ကြာလာမယ်…အဲ့ဒီသဘောပဲပေါ့။ Background application တွေရှင်းဖို့အတွက် iPhone မှာဆိုရင်တော့ Home Button ကိုနှစ်ချက်နှိပ်ပြီး အောက်ခြေမှာ ပေါ်လာတဲ့ application တွေကို တစ်ခုစီလိုက်ဖျက်ပေါ့။ Android မှာတော့ Clean Master တို့လို 1Mobile ကနေအခမဲ့ ရတဲ့ application မျိုးတွေနဲ့ ရှင်းလို့ရပါတယ်။



(၅) Brightness ကိုလျှော့ပါ
လုပ်လို့လွယ်တဲ့ အချက်လေးပါ။ Logic ကလဲ ရှင်းရှင်းလေး။ သင့်ဖုန်းရဲ့ Screen လင်းလေ ဘက်ထရီ ကုန်တာမြန်လေပါပဲ။ နောက်ပိုင်းဖုန်းတွေမှာ (ဥပမာ Note II တို့ S4 တို့) သုံးထားတဲ့ Super AMOLED ဆိုတဲ့ Screen အမျိုးအစားတွေကတော့ ဘက်ထရီသုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် သိပ်အသုံးမလိုတဲ့ အချိန်မျိုးမှာ Brightness ကိုလျှော့ထားတာ အကောင်းဆုံးပါ။



(၆) Wi-Fi မသုံးရင်ပိတ်ထားပါ
ခဏခဏ မေ့တတ်ကျတဲ့ ကိစ္စပါ။ ကျွန်တော် ကိုယ်တိုင်လဲ ခဏခဏ မေ့ဖူးပါတယ်။ ရုံးကနေအိမ်ပြန်ရောက်လို့ကြ
ည့်တော့မှ Wi-Fi ကိုမပိတ်ဘဲ တစ်လမ်းလုံး ပြန်လာတာမျိုးပေါ့။ အသုံးမပြူဘဲ ဖုန်းမှာ တစ်ချိန်လုံး Wi-Fi ကိုဖွင့်ထားတာ ဘက်ထရီ ပိုကုန်စေပါတယ်။ Wi-Fi မမိဘဲ ဖွင့်ထားတာမျိုးဆို ပိုဆိုးပေါ့။



(၇) ဖုန်းအရမ်းပူလာရင် အနားပေးပါ
Smart Phone တွေမှာ အသုံးပြုထားတဲ့ Lithium_Ion ဘက်ထရီတွေရဲ့ သဘာဝကိုက ပူလာလေ ဘက်ထရီ ကုန်တာမြန်လေပါပဲ။ ပြီးတော့ ဒီ့ထက်ဆိုးတာ တစ်ခုက အဲ့ဒါမျိုး ခဏခဏ ဖြစ်ရင် ဘက်ထရီ ရဲ့ စွမ်းဆောင်ရည် လျှင်မြန်စွာ ကျဆင်းတတ်တာပါပဲ။ ဥပမာဗျာ…အရင်က ၈နာရီခံရင် ၆နာရီလောက်ပဲခံတော့တာမျိုး…
အဲ့ဒါမျိုးပေါ့။ ပြီးတော့ ဖုန်းကို မေ့ပြီးကား ဒက်ရှ်ဘုတ်ပေါ်မေ့ပြီး ထားခဲ့တာမျိုးပေါ့။ အဲ့ဒီအချိန်မှာ ဖုန်းကိုနေထိုးမယ်….ကြာတော့ ဖုန်းပါပူလာမယ်…အဲ့ဒါမျိုးက သတိထားရမှာပါ။



နိဂုံးချုပ်
ဖုန်းဆိုတာ လူတွေအတွက် နေ့စဉ်ဘ၀မှာ တဖြည်းဖြည်း အရေးပါလာတဲ့ အရာဝတ္ထုတစ်ခုပါ။ တကယ် အသုံးလိုမှ ဖုန်းအားကုန်နေရင်တော့ သိပ်အဆင်မပြေဘူးပေါ့။ ပြီးတော့ ဘက်ထရီကို သက်တမ်းပြည့် သုံးချင်ရင် Over Charge မဖြစ်အောင် သတိထား အားသွင်းပေးပါ။ ကျနော် ပြောတဲ့ အပေါ်က အချက်တွေနဲ့မှ မလုံလောက်ရင် ဘက်ထရီအခြောက် ( External Battery) ဖြစ်ဖြစ်၊ အရံသင့် အားသွင်းပြီး ဘက်ထရီ အပိုဆောင်ထားတာမျိုးဖြစ်ဖြစ
်၊ ကားထဲမှာ အားသွင်းလို့ရတဲ့ Kit ဖြစ်ဖြစ် ဆောင်ထားတာ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ အရေးဟယ် အကြောင်းဟယ် ကိစ္စရှိလို့ ဖုန်းခေါ်ရင် တစ်ဖက်လူလဲ လူကြီးမင်းနဲ့ မတိုးတော့ဘူးပေါ့…

အားလုံးအဆင်ပြေ ချောမွေ့ကြပါစေ
Credit to >>> Pyae Phyo Naing (Mobile IT New)

No comments:

Post a Comment